Print ထုတ်ဖို့ အမိန့်ပေးထားတာ များသွားလို့ဖြစ်ဖြစ်၊ စာရွက်တွေ မှားထုတ်မိတာ ဖြစ်ဖြစ်၊ တစ်ခြားတစ်ယောက်က လျှောက်ထုတ်ထားမိလို့ ဖြစ်ဖြစ် ကိုယ်က စာထုတ်တဲ့အခါ အရင်က စာတွေပဲ ဆက်တိုက်ထွက်နေရင် Print Out အမိန့်ပေးထား ပြန်ဖျက်ဖို့အတွက်
Windows + R ဖြင့် Run Box ခေါ်ပါ။ Run Box မှာ control printers ဟု ရိုက် OK ကို နှိပ်ပါ။
မိမိ Print Out နေသော ပရင်တာ အမျိုးအစားကို ရွေးပါ။ စာတွေ ဆက်တိုက်ထွက်နေသော ပရင်တာအပေါ် Right Click >>> See what's printing ကို နှိပ်ပါ။
ကိုယ်မထုတ်ပဲ ထွက်နေတဲ့ စာဖိုင်တွေ၊ အမိန့်ပေးထားတာ များသွားလို့ ဆက်တိုက်ထွက်နေတဲ့ စာဖိုင်တွေကို အရင် ရှင်းရအောင်
Printer အောက်က Cancel All Documents ကို နှိပ်ပါ။
Yes ကို နှိပ်ပါ။
စာများရှင်းသွားပါလိမ့်မယ်။
မိမိ ထုတ်ချင်သော စာများကို Print ပြန်ထုတ်ကြည့်ပါ။ အဆင်ပြေပါလိမ့်မယ်။
အဆင်ပြေပါစေ
ကျောက်ဆည်သားလေး
0 comments:
Post a Comment