Windows 7 မှာက .Net Framework အနိမ့် ပါပြီး Microsoft Office တွေ Activated လုပ်တဲ့ KMSPico သွင်းတဲ့အခါ .Net Framework 4.0 ထည့်သွင်းပေးရပါတယ်။
Windows 10 မှာ .Net Framework 4.0 ပါရှိပေမယ့် Whizzo Typing တွေ ဖွင့်တဲ့အခါ .Net Framework 3.5 ကို သွင်းခိုင်းပါတယ်။ အခုက Windows 10 မှာ .Net Framework 3.5 လေး သွင်းပြမှာပါ။
.Net 3.5 Install လုပ်ဖို့အတွက် အင်တာနက် ရရှိထားဖို့တော့ လိုအပ်ပါမယ်။ ဒါကတော့ အင်တာနက်က တိုက်ရိုက် Install လုပ်နည်း ပြပေးတာပါ။
Windows + R ဖြင့် Run Box ခေါ်ပါ။ Run Box မှာ optionalfeatures ကို နှိပ် OK ကို နှိပ်ပါ။
.NET Fremework 3.5(includes .NET 2.0 and 3.0) ကို အစက်ပေး OK ကို နှိပ်ပါ။
Let Windows Update download the files for You ကိုနှိပ်ပါ။
.Net 3.5 ဒေါင်းနေပါလိမ့်မယ်။ ခတ္တစောင့်ပါ။
Windows completed the requested changes ပြပါက Close ကို နှိပ်ပါ။ ဒါဆိုရင် .Net 3.5 သွင်းပြီးပါပြီ။
အဆင်ပြေပါစေ
ကျောက်ဆည်သားလေး
0 comments:
Post a Comment