Windows 10 မှာ ကွန်ပျူတာ ဖွင့်လိုက်တာနဲ့ Tablet Mode ဝင်နေပါက Windows + A ဖြင့် Action Center ခေါ်ပြီး Tablet Mode ပိတ်လည်း ကွန်ပျူတာ ပြန်ဖွင့်တိုင်း Tablet Mode ဖြစ်နေလို့ စိတ်ညစ်နေပါက
Windows + R ဖြင့် Run Box ခေါ်ပါ။ Run Box တွင် ms-settings:tabletmode ဟု ရိုက် OK ကို နှိပ်ပါ။
Tablet Mode Settings စာမျက်နှာ ရောက်ပါက When I Sign in မှာ Never use tablet mode ပြောင်းပါ။
When I use this device as a tablet မှာ Don't switch to tablet mode ပြောင်းပေးလိုက်ပါ။
ကွန်ပျူတာ ကို Restart လေးချပြီး ပြန်စမ်းကြည့်ပါ Tablet Mode လေး ကွန်ပျူတာ ဖွင့်တာနဲ့ Auto မဝင်တော့ပါဘူး။
အဆင်ပြေပါစေ
ကျောက်ဆည်သားလေး
0 comments:
Post a Comment