အရင် Windows 10 ကို UEFI Boot နဲ့ Windows တင်ထားပြီး Windows ကို အသစ် ပြန်တင်တဲ့အခါ Legacy Boot နဲ့ Windows တင်မိလျှင် Windows Partition ကို ဖျက်ပြီး Partiton အခန်း အသစ်ပြန်ပိုင်းတဲ့အခါ Partition အခန်း ပိုင်းမရ ဖြစ်နေသူများ၊ အရင်က Windows ကို ဘယ် Boot နဲ့ တင်ထားလဲ ကြည့်ရအောင် ဒါမှ First Boot ရွေးတဲ့အခါ Legacy Boot လား UEFI Boot လား အလွယ်တကူ ရွေးချယ် တင်နိုင်အောင်ပါ။
Windows ISO ကို Rufus ဆော့ဝဲလ်နဲ့ Windows Boot ရိုက်တဲ့အခါ GPT or MBR ဘာနဲ့ Windows Boot ရိုက်သင့်သလဲ ရွေးချယ်နိုင်အောင်ပါ။
UEFI >>> GPT
Legacy >>> MBR
စစ်ဆေးနည်း ( ၁ )
Windows + R ဖြင့် Run Box ခေါ်ပါ။ Run Box တွင် msinfo32 ဟု ရိုက် OK ကို နှိပ်ပါ။
System Information စာမျက်နှာ ကျပါမယ်။ BIOS Mode မှာ Legacy လား၊ UEFI လား ကြည့်ပါ။
BIOS Mode မှာ Legacy ဟု ပြပါက Legacy Boot ပါ။
BIOS Mode မှာ UEFI ဟု ပြပါက UEFI Boot ပါ။
*******************************************************************
စစ်ဆေးနည်း ( ၂ )
Windows + R ဖြင့် Run Box ခေါ်ပါ။ Run Box တွင် diskmgmt.msc ဟု ရိုက် OK ကို နှိပ်ပါ။
Disk Management စာမျက်နှာ ကျပါမယ်။ Disk Management စာမျက်နှာ Disk 0 မှာ UEFI Boot နဲ့ Windows တင်ထားလျှင် EFI ဟု ပြပါလိမ့်မယ်။
*******************************************************************
စစ်ဆေးနည်း ( ၃ )
ကွန်ပျူတာရဲ့ Search
Box မှာ
cmd ဟု ရိုက်ပါ။
path မှာ windows\system32\winload.efi ဆိုရင် UEFI Boot ပါ။
အဆင်ပြေပါစေ
ကျောက်ဆည်သားလေး
0 comments:
Post a Comment