Adobe Pagemaker နဲ့ စာစီစာရိုက်ပြုလုပ်တဲ့အခါ စာတွေ ညှိမယ်ဆိုရင် Ctrl + Shift + J စသဖြင့် Ctrl + Shift နဲ့ တွဲသုံးရတဲ့အခါ Shortcut Key က အလုပ်မလုပ်ဘူး။ Ctrl + Shift + J နှိပ်တဲ့အခါ Shift အလုပ် မလုပ်တော့ Ctrl + J ပဲ Command မိတဲ့အခါ Color Box က ပျောက်သွားပါလိမ့်မယ်။
အဘယ်ကြောင့်ဆိုသော် ကျွန်တော်တို့က Microsoft Word, Excel, PowerPoint တွေမှာ ပြည်ထောင်စုဖောင့် အသုံးပြုချင်တော့ Keymagic ကို ထည့်သွင်းအသုံးပြုတဲ့အခါ Adobe Pagemaker မှာ Shortcut Key ပြဿနာ တတ်သွားတာပါ။ Adobe Pagemaker အသုံးပြုမည်ဆိုရင် Keymagic လေးကို ပိတ်သုံးပါ။ အဆင်ပြေပါလိမ့်မယ်။
Keymagic ကို ပိတ်မသုံးချင်ရင် Keymagic ကို Keyboard အပြောင်းအလဲ လုပ်ဖို့အတွက် Shortcut Key ပြောင်းသုံးရပါမယ်။ Keymagic ဆော့ဝဲလ်ထဲ ဝင်ပါ။ Option >>> Hotkeys ကို နှိပ်ပါ။ Shift + Ctrl မသုံးပဲ Ctrl + Space ဒါမှမဟုတ် Windows + Space ပြောင်းသုံးနိုင်ပါတယ်။
အဆင်ပြေပါစေ
ကျောက်ဆည်သားလေး
0 comments:
Post a Comment