ကွန်ပျူတာရဲ့ Search Box မှာ cmd ဟု ရိုက်ပါ။
Command Prompt ကို Run as administrator ဖြင့် ဖွင့်ပါ။ Yes or No တောင်းပါက Yes ကို နှိပ်ပါ။
Command Prompt စာမျက်နှာလေး ကျလာပါလိမ့်မယ်။
Date ချိန်းမှာမို့ Date ဟု ရိုက်ပါ။ Enter ခေါက်ပါ။
ကိုယ်ပြောင်းချင်သော Date ကို ရေးပါ။ သူပြထားတဲ့အတိုင်း ( mm-dd-yy ) အတိုင်း လ၊ ရက်၊ နှစ် အစဉ်တိုင်းရေးပါ။
ကိုယ်ပြောင်းချင်သော Date ရေးပြီးပါက Enter ခေါက်ပါ။
Date ကလေး ပြောင်းနေပါလိမ့်မယ်။ Taskbar မှာ သွားကြည့်ပါ။
အဆင်ပြေပါစေ။
****************************************************************
ဒီတစ်ခါ အချိန် ချိန်းကြည့်ရအောင် time ဟု ရိုက် Enter ခေါက်ပါ။
ကိုယ်ပြောင်းချင်သော အချိန် ကို ရေးပါ။
ကိုယ်ပြောင်းချင်သော အချိန်ရေးပါ။ AM ဆိုရင် ပုံမှန်အတိုင်း ရေးလို့ရပါတယ်။ ညနေ PM ရေးရင် တစ်နာရီဆိုရင် ( 13 ) ရေးရပါမယ်။ ငါးနာရီဆိုရင် ( 17 ) လို့ ရေးရပါမယ်။ ကိုယ်ပြောင်းချင်သော နာရီ ရေးပြီးပါက Enter ခေါက်ပါ။
အချိန် ကလေး ပြောင်းနေပါလိမ့်မယ်။ Taskbar မှာ သွားကြည့်ပါ။
အဆင်ပြေပါစေ။
အဆင်ပြေပါစေ
ကျောက်ဆည်သားလေး
0 comments:
Post a Comment