Run Box တွင် ရိုက်ထားသော Command များကို ရှင်းရအောင် အရင်ဆုံး Windows + R ဖြင့် Run Box ခေါ်ပါ။ Run Box တွင် regedit ဟု ရိုက် OK ကို နှိပ်ပါ။
Registry Editor စာမျက်နှာ ထဲ ရောက်ပါက HKEY_CURRENT_USER ဘေးက မြှားကို နှိပ်ပါ။
SOFTWARE ဘေးက မြှားကို နှိပ်ပါ။
Microsoft ဘေးက မြှားကို နှိပ်ပါ။
Windows ဘေးက မြှားကို နှိပ်ပါ။
CurrentVersion ဘေးက မြှားကို နှိပ်ပါ။
Explorer ဘေးက မြှားကို နှိပ်ပါ။
RunMRU ကို နှိပ်ပါ။
RunMRU ရဲ့ တစ်ဖက် စာမျက်နှာမှာ Default တစ်ခုပဲ ချန်ပြီး ကျန်တာ အကုန် Select ပေးပါ။ Select ပေးထားတဲ့အပေါ် Right Click >>> Delete ကို နှိပ်ပါ။
Yes or No ပြပါက Yes ကို နှိပ်ပါ။
Registry Editor ထဲမှာ Default တစ်ခုပဲ ကျန်နေပါလိမ့်မယ်။ Registry Editor ထဲမှ ထွက်ပြီး Run Box ခေါ်ကြည့်ပါ။
Run Box တွင် ရိုက်ထားသော Run Commnad များ ရှင်းနေပါလိမ့်မယ်။
***********************************************************************
PDF ဖိုင်အနေနဲ့ သိမ်းထားလိုပါက အောက်က လင့်တွင် ဒေါင်းယူပါ။
Mediafire Link Download
Box Link Download
File Name - Run Command Clear
File Type - PDF
File Size - 823 KB
No Password
No ads
အဆင်ပြေပါစေ
ကျောက်ဆည်သားလေး
0 comments:
Post a Comment